Uncategorized

ကျမက ဧရာဝတီသူ၊ မိန်းမကိုယ်နဲ့ တော်လှန်တယ်

ရန်ကုန်-အင်းစိန်လမ်းမကြီးက ယခင်ကလို မစည်ကားတော့ပါ။ အာဏာသိမ်းမှုက အင်းစိန်လမ်းမကို ည ၈ နာရီကျော်လျှင် မစည်ကားရလို့ တိုးတိုးတိတ်တိတ် သတ်မှတ်ပေးလိုက်ပုံရပါတယ်။ ကား၊ လူ အသွားအလာ ကျဲပါးလှတယ်။ သံလမ်းမှတ်တိုင်မှာတော့ လိုင်းကားစောင့်နေတဲ့ လူသုံးလေးယောက်။ “ဟာ… ဟိုမှာ မမူ၊ သူငယ်ချင်း… ကားကို ခဏ ပြန်ကွေ့ပေးကွာ၊ ငါ သူ့ကို ပစ္စည်းလေး ပေးစရာရှိလို့ပါ” ပြောပြောဆိုဆို သူငယ်ချင်းက သူ့ခြေထောက်ရှေ့ ချထားတဲ့ ကျောပိုးအိတ်ကို ဆွဲယူဖွင့်နေတယ်။ ကျနော်လည်း ကားကို ပြန်ကွေ့လိုက်ရတယ်။ ကားမှတ်တိုင်နဲ့ မလှမ်းမကမ်းမှာ ရပ်နေတဲ့ အမျိုးသမီးရှေ့မှာ ရပ်ပေးဖို့ သူငယ်ချင်းက လက်ဟန်ပြတယ်။ အသက် လေးဆယ်ဝန်းကျင်လောက် ရှိမယ့် ညဉ့်ငှက်မလေးတစ်ယောက်။ သူငယ်ချင်းက သူ့ကျောပိုးအိတ်ထဲက ထုတ်ထားတဲ့ ဘူးကို ယူရင်း အမျိုးသမီးဆီ […]
  • Author 1
  • Jul 26, 2022