အလှဓါတ်ပုံတွေ၊ တိရိစ္ဆာန်ပုံတွေ တင်ဖို့လောက်နဲ့ ကိုယ့်ကိုယ်ကိုယ် သစ္စာဖောက်သွားတာ မတန်လိုက်တာ

Close ×

အလှဓါတ်ပုံတွေ၊ တိရိစ္ဆာန်ပုံတွေ တင်ဖို့လောက်နဲ့ ကိုယ့်ကိုယ်ကိုယ် သစ္စာဖောက်သွားတာ မတန်လိုက်တာ

ခံဝန်ထိုးပြီး ရပ်တန့်သွားလို့ အပြစ်မတင်ခဲ့ဘူး။ Normalize လုပ်ပြလို့ စိတ်နာတာ။

နိုင်ငံပြင်ပကို အပေါ်လမ်းကပြေးပြီး လွတ်မြောက်သွားကြတာလည်း ဝမ်းသာတယ်။ နေ့စိမ့်နိုင်ကြတာကို စိတ်နာတာ။

ခံဝန်ထိုးပြီးပဲ လွတ်လွတ်၊ ဒီအတိုင်းပဲ လွတ်လာ လွတ်လာ လွတ်မြောက်လာသူတစ်ယောက်ချင်းစီတိုင်းအတွက် ဝမ်းသာတယ်။

ပေးဆပ်ခဲ့ရမှုအတွက် အမြဲသတိတရရှိတယ်။ အနုပညာအလုပ်တွေ ပြန်လုပ်ရတာလည်း နားလည်တယ်။ လိုအပ်တာထက်ပိုပြီး ပျော်ရွှင်ပြနေတာကို နားမလည်တာ။

ခံယူချက်နဲ့ ရပ်တည်ခဲ့တာမဟုတ်လား။ ခံယူချက်နဲ့ ထောင်ထဲမှာ ပေးဆပ်ခဲ့တာ မဟုတ်လား။