ကတိပေးတယ် ဖျင်ယားသူမှန်သမျှ ဖျင်ခံကြစေရမယ်လို့ သတိပေးလာတဲ့ ပန်ဆယ်လို

Close ×

ကတိပေးတယ် ဖျင်ယားသူမှန်သမျှ ဖျင်ခံကြစေရမယ် လို့ သတိပေးလာတဲ့ ပန်ဆယ်လို

ဒီနေ့ကစပြီး Social Punishment ကို အကြီးအကျယ်ပြန်လုပ်မှာပါ။ ချစ်ခြင်းမပါဘူး၊ မုန်းခြင်းမပါဘူး။ ဘာခံစားချက်မှ မရှိဘူး။ ဘာမျက်နှာမှ မထောက်နိုင်ဘူး။

ငါတို့က စနစ်ကို တိုက်နေတာ။ ဒီစနစ်ကို ပိုမိုခိုင်မာအောင် လုပ်နေသူတွေ၊ ဒီစနစ်အောက်မှာ သာယာအဆင်ပြေနေပါတယ်လို့ အသွင်ဖော်ဆောင်ပေးနေတဲ့သူတွေ၊

ဒီစနစ်အောက်မှာ ပြည်သူတွေကို သွေးအေးသွားအောင် Normalize အခြေအနေကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း လုပ်ဆောင်နေသူတွေကို ဘာချွင်းချက်၊ ဘာနားလည်မှုမှ ပေးစရာမရှိတော့ဘူး။

ကိုဂျင်မီတို့ ကိုမောင်ကျော်တို့ကို စကစက ကြိုးပေးတာ၊ ငါတို့နဲ့ ဘာဆိုင်လဲလို့ ဆင်ခြေပေးရင် ဆိုင်ကြောင်း ရှင်းပြမယ်။ ပြီးခဲ့တဲ့ မတ်လ အကုန်ထိ ငါတို့မှာ Normalize အခြေအနေ မရှိခဲ့ဘူး။

မှတ်မိမယ်ထင်တယ်…. စကစရဲ့ တပ်မတော်နေ့အခမ်းအနားလုပ်တဲ့နေ့မှာ ဒီကောင်တွေရဲ့ စောက်ခွက်တွေ Newfeeds မှာ ပေါ်မလာဖို့ဆိုပြီး အလှဓါတ်ပုံတွေ တင်ကြတယ်။ အဲ့နေ့ကျမှ လူတွေက လွတ်လွတ်လပ်လပ်တင်ရတာ။ အခြားနေ့တွေမှာ ဆင်ခြင်ပေးခဲ့တယ်ဆိုတာ ဒီဖြစ်ရပ်ကို မှတ်မိရင် မှတ်မိကြလိမ့်မယ်။

အခုနောက်ပိုင်း သုံးလေးလမှ စားဝတ်နေရေးပါ၊ စိတ်ပြေလက်ပျောက်ပါဆိုပြီး စားဝတ်နေရေးကို အကြောင်းပြ၊ ပြီးတော့ စိတ်ပြေလက်ပျောက်ပါ ပါလာ။ ပြည်သူတွေက နားလည်ပေး။

နောက်ကျ အဲ့ဒီ့ Normalize အခြေအနေမှာ ငါတို့ပုံတင်ကြွားဝါနေလို့လည်း ဘာမှမဖြစ်ပါဘူးလို့ လူတွေကပါ ပါလာ။ ပြီးတော့ တော်လှန်ရေးမှာ ပိုပို သွေးအေးလာ။ အဲ့ကစ တဆင့်တက်ပြီး ခရီးသွား ကြွားဝါ၊ ဘားသွား ကြွားဝါ၊ လီးလီးလားလားတွေ ရေးလာ။

အဲ့အခြေအနေကြောင့် ဒီပြည်သူက စောက်သားကျသွားပါပြီကွာလို့ စစ်ကောင်စီက စောက်ထင်သေးလာတယ်။ သတ်မယ်ဆိုပြီး သတင်းလွှင့်ပြတယ်။ အလှဓါတ်ပုံတင်မပြတ်ဘူး၊

လီးလီးလားလားတွေ အရေးမပြတ်ဘူး၊ Boycott ကောင်တွေအောက်မှာ အမြီးနန့်မပြတ်ဘူး။ အဲ့တော့ နှစ်ခါသုံးခါ သွေးတိုးစမ်းပြီးနောက်မှာ ဒီပြည်သူတွေ စောက်ပေါတွေပါကွာဆိုပြီး သတ်ပစ်လိုက်တာ။

အဲ့တော့ ပတ်ရမ်းတယ်တော့ သဘောမထားနဲ့။ သဘောထားလည်း ဘုတ်ဘုတ်ပဲ။ ကိုဂျင်မီတို့ ကိုမောင်ကျော်တို့ရဲ့ ကြိုးခလုတ်ကို ကူဖြုတ်ပေးလိုက်တာ စောက်သားကျပြနေတဲ့ အနုပညာရှင်အမည်ခံ စောက်ကောင်တွေ၊ စောက်ကောင်မတွေရော စောက်သားကျလွယ်တဲ့ စောက်မှတ်မရှိတဲ့ဟာတွေကြောင့်ရော ပါတယ်။

ဒီအနုပညာရှင်တွေကို ထောင်ကျမှ ကျေနပ်မှာလား၊ ဘာမှလုပ်မစားရဘူးလား စောက်ထွန့်မတက်နဲ့။ ထောင်ကျခံခိုင်းတာလည်း မဟုတ်ဘူး။ စီးပွါးရေး မလုပ်ရဘူး တားနေတာလည်း မဟုတ်ဘူး။

Speak Out လုပ်ခိုင်းနေတာလည်း မဟုတ်ဘူး။ တော်လှန်ရေးမှာ ပါဝင်ကြောင်း ပိုစ့်တင်ခိုင်းနေတာလည်း မဟုတ်ဘူး။ ငါတို့ တောင်းဆိုတာ တစ်ခုပဲ။ စောက်လိုက်သိဖို့နဲ့ စောက်ကြွားမထူဖို့ပဲ တောင်းဆိုတာ။

အဲ့တော့ ဒီနေ့ကစပြီး Social Punishment ကို ပြင်းပြင်းထန်ထန် ပြန်လုပ်မယ်။ သွေးအေးရင် ခွင့်မလွှတ်ကြေးဆိုတဲ့စကားက ပါးစပ်ယားပြီး ပြောခဲ့တာ မဟုတ်ဘူးဆိုရင် Social Punishment နဲ့ Boycott ကို တစိုက်မတ်မတ် လုပ်ကြ။

ကတိပေးတယ်။
ဖျင်ယားသူမှန်သမျှ ဖျင်ခံကြစေရမယ်။