Uncategorized

ကျမက ဧရာဝတီသူ၊ မိန်းမကိုယ်နဲ့ တော်လှန်တယ်

ရန်ကုန်-အင်းစိန်လမ်းမကြီးက ယခင်ကလို မစည်ကားတော့ပါ။ အာဏာသိမ်းမှုက အင်းစိန်လမ်းမကို ည ၈ နာရီကျော်လျှင် မစည်ကားရလို့ တိုးတိုးတိတ်တိတ် သတ်မှတ်ပေးလိုက်ပုံရပါတယ်။ ကား၊ လူ အသွားအလာ ကျဲပါးလှတယ်။ သံလမ်းမှတ်တိုင်မှာတော့ လိုင်းကားစောင့်နေတဲ့ လူသုံးလေးယောက်။ “ဟာ… ဟိုမှာ မမူ၊ သူငယ်ချင်း… ကားကို ခဏ ပြန်ကွေ့ပေးကွာ၊ ငါ သူ့ကို ပစ္စည်းလေး ပေးစရာရှိလို့ပါ” ပြောပြောဆိုဆို သူငယ်ချင်းက သူ့ခြေထောက်ရှေ့ ချထားတဲ့ ကျောပိုးအိတ်ကို ဆွဲယူဖွင့်နေတယ်။ ကျနော်လည်း ကားကို ပြန်ကွေ့လိုက်ရတယ်။ ကားမှတ်တိုင်နဲ့ မလှမ်းမကမ်းမှာ ရပ်နေတဲ့ အမျိုးသမီးရှေ့မှာ ရပ်ပေးဖို့ သူငယ်ချင်းက လက်ဟန်ပြတယ်။ အသက် လေးဆယ်ဝန်းကျင်လောက် ရှိမယ့် ညဉ့်ငှက်မလေးတစ်ယောက်။ သူငယ်ချင်းက သူ့ကျောပိုးအိတ်ထဲက ထုတ်ထားတဲ့ ဘူးကို ယူရင်း အမျိုးသမီးဆီ […]
  • Author 1
  • Jul 26, 2022
Celebrity

ကတိပေးတယ် ဖျင်ယားသူမှန်သမျှ ဖျင်ခံကြစေရမယ်လို့ သတိပေးလာတဲ့ ပန်ဆယ်လို

ကတိပေးတယ် ဖျင်ယားသူမှန်သမျှ ဖျင်ခံကြစေရမယ် လို့ သတိပေးလာတဲ့ ပန်ဆယ်လို ဒီနေ့ကစပြီး Social Punishment ကို အကြီးအကျယ်ပြန်လုပ်မှာပါ။ ချစ်ခြင်းမပါဘူး၊ မုန်းခြင်းမပါဘူး။ ဘာခံစားချက်မှ မရှိဘူး။ ဘာမျက်နှာမှ မထောက်နိုင်ဘူး။ ငါတို့က စနစ်ကို တိုက်နေတာ။ ဒီစနစ်ကို ပိုမိုခိုင်မာအောင် လုပ်နေသူတွေ၊ ဒီစနစ်အောက်မှာ သာယာအဆင်ပြေနေပါတယ်လို့ အသွင်ဖော်ဆောင်ပေးနေတဲ့သူတွေ၊ ဒီစနစ်အောက်မှာ ပြည်သူတွေကို သွေးအေးသွားအောင် Normalize အခြေအနေကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း လုပ်ဆောင်နေသူတွေကို ဘာချွင်းချက်၊ ဘာနားလည်မှုမှ ပေးစရာမရှိတော့ဘူး။ ကိုဂျင်မီတို့ ကိုမောင်ကျော်တို့ကို စကစက ကြိုးပေးတာ၊ ငါတို့နဲ့ ဘာဆိုင်လဲလို့ ဆင်ခြေပေးရင် ဆိုင်ကြောင်း ရှင်းပြမယ်။ ပြီးခဲ့တဲ့ မတ်လ အကုန်ထိ ငါတို့မှာ Normalize အခြေအနေ မရှိခဲ့ဘူး။ မှတ်မိမယ်ထင်တယ်…. စကစရဲ့ […]
  • Author 1
  • Jul 26, 2022
Celebrity

အလှဓါတ်ပုံတွေ၊ တိရိစ္ဆာန်ပုံတွေ တင်ဖို့လောက်နဲ့ ကိုယ့်ကိုယ်ကိုယ် သစ္စာဖောက်သွားတာ မတန်လိုက်တာ

အလှဓါတ်ပုံတွေ၊ တိရိစ္ဆာန်ပုံတွေ တင်ဖို့လောက်နဲ့ ကိုယ့်ကိုယ်ကိုယ် သစ္စာဖောက်သွားတာ မတန်လိုက်တာ ခံဝန်ထိုးပြီး ရပ်တန့်သွားလို့ အပြစ်မတင်ခဲ့ဘူး။ Normalize လုပ်ပြလို့ စိတ်နာတာ။ နိုင်ငံပြင်ပကို အပေါ်လမ်းကပြေးပြီး လွတ်မြောက်သွားကြတာလည်း ဝမ်းသာတယ်။ နေ့စိမ့်နိုင်ကြတာကို စိတ်နာတာ။ ခံဝန်ထိုးပြီးပဲ လွတ်လွတ်၊ ဒီအတိုင်းပဲ လွတ်လာ လွတ်လာ လွတ်မြောက်လာသူတစ်ယောက်ချင်းစီတိုင်းအတွက် ဝမ်းသာတယ်။ ပေးဆပ်ခဲ့ရမှုအတွက် အမြဲသတိတရရှိတယ်။ အနုပညာအလုပ်တွေ ပြန်လုပ်ရတာလည်း နားလည်တယ်။ လိုအပ်တာထက်ပိုပြီး ပျော်ရွှင်ပြနေတာကို နားမလည်တာ။ ခံယူချက်နဲ့ ရပ်တည်ခဲ့တာမဟုတ်လား။ ခံယူချက်နဲ့ ထောင်ထဲမှာ ပေးဆပ်ခဲ့တာ မဟုတ်လား။
  • Author 1
  • Jul 26, 2022